Tuesday, 6 August 2019

Only Me

Only meလိုက်ရတဲ့ ခံစားချက်များ

အဆင်ပြေနေတယ်လို့
အထင်ခံရဖို့
ဟန်ဆောင်ခြင်းတွေ 
ဘဝ အသစ်အသစ်မွေးဖွားခဲ့ရ

ပျော်ချင်ဟန်ဆောင်ပြီး
ပြိုလဲခဲ့ရသော ဘဝတွေမှာ
ကျနော်ဟာ ဝါရင့်ပုဂ္ဂိုလ်ပါ

အဆင်ပြေနေတယ်လို့
အထင်ခံရဖို့က
ဟန်ဆောင်ခြင်းမှာနေသားကျနေဖို့
နဲ့ အသံတိတ်ငိုကြွေးတတ်ရင် ရပြီမဟုတ်လား?

Than Htike Aung-Sync


No comments:

Post a Comment